“ဤဘလော့သည် ဆရာတော်၏ သာသနာတော်အတွက်လုပ်ဆောင်ချက်များ၊နှင့်ဆောင်ပါး.ဝတ္ထု.ဒဿန.ကဗျာများ အတွက် သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်”

Friday, 18 November 2011

ကလေးသုံးယောက် မွေးခဲ့သော ကမ္ဘာ့ပထမဆုံး အမျိုးသား ကိုယ်ဝန်ဆောင်၏ နောက်ဆုံး ဓာတ်ပုံထုတ်ပြန် PDF Print
Sunday, 31 July 2011 11:38
AddThis Social Bookmark Button
w64402sကလေးသုံးယောက်အထိ မွေးခဲ့သော ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင် အမျိုးသား၏ နောက်ဆုံး ကလေးမွေးဖွား အပြီး တစ်နှစ်အကြာ ဓာတ်ပုံ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
အရီဇိုးနား ပြည်နယ်တွင် ဇနီးဖြစ်သူ နန်စီနှင့်အတူ နေထိုင်လျက် ရှိသော သောမတ်စ်ဘီတီ၏ ရင်သွေးယူသည့် သတင်းသည် ကမ္ဘာတစ်ဝန်း အထူး ထင်ရှားခဲ့သည်။
အသက် ၃၇ နှစ် ရှိပြီဖြစ်သော ဘီတီသည် ကလေးမွေးပြီးနောက် တက်စ်တိုရုန်းဆေးများ ပြန်လည် သုံးစွဲခြင်းဖြင့် ယောက်ျားဆန်သော အသွင်အပြင် အပြည့် ပြန်ဖြစ်လာသည်ကို ပုံတွင်တွေ့ရသည်။
ဘီတီသည် ဟာဝိုင်ယီကျွန်းတွင် မွေးဖွားစဉ်က မိန်းကလေး တစ်ယောက် အနေဖြင့် မွေးလာခဲ့ခြင်း ဖြစ်သော်လည်း ယောက်ျားလေး ဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။ အသက် ၂၀ ၀န်းကျင်မှစပြီး တက်စတိုရုန်းဆေးများ ထိုးခြင်းဖြင့် မျက်နှာတွင် အမွေးအမှင်များ ပေါက်လာခဲ့ကာ အသံ ပြောင်းလာခဲ့ပြီး လိင်အင်္ဂါ ပြောင်းလဲမှုကိုလည်း လုပ်ဆောင်ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် ရင်သား ဖယ်ရှားခဲ့ပြီးနောက် အမျိုးသားတစ်ယောက် အဖြစ် တရားဝင် အသိအမှတ်ပြု ခံခဲ့ရသည်။ သို့ရာတွင် မိန်းမအင်္ဂါ၊ သားအိမ်နှင့် အခြား မျိုးပွားအင်္ဂါများကို ဖယ်ရှားမပစ်ဘဲ ထားရှိခဲ့သည်ဟု ဆိုသည်။ ဇနီးဖြစ်သူ နန်စီမှာ သားအိမ်ထုတ်ထားရသူ ဖြစ်သည်။
ကိုယ်ဝန်ဆောင်ရန် ဆန္ဒရှိလာသော အခါ တက်စတိုရုန်း သုံးစွဲမှုကို ရပ်တန့်ထားခဲ့ရသည်ဟု ဆိုသည်။ အလှူရှင်တစ်ဦးထံမှ သုက်ပိုးကိုယူကာ မျိုးအောင်စေရန် ကြိုးပမ်းခဲ့သော်လည်း သားအိမ်ပြင်ပတွင် သန္ဓေတည်ခဲ့ခြင်းကြောင့် အရေးပေါ် ခွဲစိတ်ကုသခဲ့ရသေးသည်။ ၂၀၀၇ ခုနှစ် နှောင်းပိုင်းတွင်မှ ပထမဆုံး ရင်သွေးကို သန္ဓေ အောင်မြင်စွာ ဆောင်နိုင်ခဲ့သည်။ နောက် ကလေးနှစ်ဦးကိုလည်း ဆက်တိုက်မွေးခဲ့သည်။
w64402

0 comments:

Post a Comment