“ဤဘလော့သည် ဆရာတော်၏ သာသနာတော်အတွက်လုပ်ဆောင်ချက်များ၊နှင့်ဆောင်ပါး.ဝတ္ထု.ဒဿန.ကဗျာများ အတွက် သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်”

Saturday 19 November 2011

မြောက်ဦးမြို့နယ် ကံလှရပ်ကွက်မှာ မီးလောင်မှု ဖြိုက်ပွါး

၁၇ ၊ ၁၁ ၊ ၂၀၀၉ ရက်နိ၊ ညဇာဖက် ၆ ချက်တီလောက်မှာ မြောက်ဦးမြို့နယ် ကံလှရပ်ကွက်မှာ မီးလောင်မှု တခုဖြိုက်ပွါးပါရေလို့ လေးဝတီက စုံစမ်းသိဟိရပါရေ။ အယင်း တရက်နှစ်ရက်လောက်ပါသိမ့် မင်းပြားမြို့ ဈီးမီးလောင်းစော် မကြာသိမ့် အခု မြောက်ဦးမြို့မှာ မီးလောင်ပါဗျာလ်။ အခု မီးလောင်မှုနန့်ဆိုကေ ရခိုင်ပြည်မှာ အေတလအတိုးအတွင်းမှာ သုံးခါဟိပါဗျာလ်။ ရမ်းဗြဲမြို့နယ် ကျောက်နီမော်မှာ မီးလောင်ပြီးကေ ကကောင်းမကြာခင် မင်းပြားမြို့ အခုဆိုကေ မြောက်ဦးမြို့ရို့ကို မီးဆက်တိုက် လောင်မီတိ ဖြိုက်တေ အတွက် ရခိုင်ပြည်က အခြားမြို့နယ်တိကလည်း ရှို့မီးလောင်ဖို့စော်တိကို ကြောက်နီရပါရေလို့ သတင်းတိကိုလည်းကြားနီရပါရေ။ မြောက်ဦးမြို့၊ ကံလှရပ်ကွက် မီးလောင်မှု ဖြိုက်ပွါးရာမှာ ” အိမ်တိနန့်၊ ဗွီဒီယိုရုံတိ မီးထဲကို ပါလားရေလို့ သိရပါရေ။
မီးက ညဇာဖက် ၆ ချက်တီပတ်ဝင်ကျင်လောက်က စလောင်စော်ပါ၊ ကံလှရပ်ကွက် တံထားနားမှာ လောင်စော်ပါ၊ အိမ်တိကတော့ မနည်းအများကြီးပါလားပါရေ“ လို့ မီးလောင်မှု ဖြိုက်ပွါးရေ အနားက လူတယောက်က ပြောပြပါရေ။ မြောက်ဦးမြို့ မီးသတ်ဌာနမှာ မီးသတ်ကားတိဟိကေလည်း မီးသတ်ကာ တစီရာ ရောက်လာပြီးကေ ရောက်တေဆိုရုံလောက်ရာ ရောက်ပြီး တချက်ချေရာ ငြိမ်းသတ်နိုင်ရေလို့ လည်း ဆက်ပြောပါသိမ့်ရေ။ အနားပတ်ဝန်ကျင်မှာ ဟိရေ လူတိက ၀ိုင်းကူးလို့ရာ မီးကို ည (၇) ချက်တီလောက်မှာ ငြိမ်းသတ်နိုင်စော်ရာ ဖြိုက်ပါရေ။ ပတ်ဝင်ကျင်က လူတိရာ မကူးညီနိုင်ဆိုကေ အေထက်မက မီးက ပြင်ထန်ပြီးကေ ဆုံးရှုံးမှုတိ ဖြိုက်လားနိုင်ရေလို့ သိဟိရပါရေ။ 
http://www.laywaddyarakan.com/2011/11/blog-post_4801.html

ဒုတိယ ကမ္ဘာစစ် လက်ကျန်ဗုံးကွဲ၍ မောင်တောတွင် လူတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကျေးရွာ တစ်ရွာတွင် ဒုတိယ ကမ္ဘာစစ် အတွင်းက လက်ကျန်ဗုံး တစ်လုံး ပေါက်ကွဲတဲ့ အတွက် လူ တစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဗုံးမှာ ယမန်နေ့ ညနေပိုင်းက မောင်တောမြို့နယ် ဒုချရားတန်းရွာတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ခြေထောက် တဘက် ပြတ်သွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့သူက မွတ်ဆလင် ဖြစ်တယ်။ အခု ဆေးရုံတင်ထားပါတယ်" ဟု မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

မည်သည့် အတွက် ပေါက်ကွဲသည်ကို အသေးစိတ် မသိရသေးသော်လည်း ကလေးများ မီးဖြင့် ဆော့ကစားရာမှ ပေါက်ကွဲခြင်း ဖြစ်ကြောင်း သတင်း ဖြစ်ပေါ်နေသည်ဟု သူက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မောင်တောရဲ စခန်းသို့ ဆက်သွယ်သော်လည်း ဖုံးအဆက်အသွယ် မရရှိခဲ့ပါ။



------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

မောင်တောတွင် ကောလဟလ သတင်းများကြောင့် မတည်ငြိမ်မူဖြစ်

မြန်မာ နောက်ဘက်နယ်စပ် မောင်တောမြို့တွင် ကောလဟလ သတင်းများ ပျံ့နှံ့နေသဖြင့် မတည်ငြိမ်မူများ ဖြစ်ကာ မြို့ခံများ အကြား စိုးရိမ်နေကြကြောင်း သိရသည်။

Maungdaw Gate Arakan.
" မနေ့က ညဥ့် ၁၂ နာရီမှာ မွတ်ဆလင်တွေက စုရုံးပြီး မြို့ကို ဖြိုမယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပါတယ်။ ကညင်တန်းမှာ စုနေကြပြီ ဆိုပြီး သတင်းတွေ ထွက်လာတဲ့အတွက် ကျွန်မတို့ တရွာလုံး အိပ်ရာကထပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ကြပါတယ်။ ကာဗျူး ထုတ်တယ်လို့ ကြားရတယ်" ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

တခြား အောင်ဗလ ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကလည်း အဆိုပါ သတင်းကြောင့် သူတို့ရွာတွင် တအိမ်တယောက်ကျ အစည်းအဝေး ခေါ်ယူခဲ့ကြောင်းကို ယခုလို ပြော သည်။

" ဒီသတင်းတွေကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီကနေ့မှာ အစည်း အဝေး ခေါ်ပြီး ပြောတယ်။ ဒီိနေ့ ညနေကစပြီး တစ်အိမ် တစ်ယောက်ကျ ကင်းစောင့်ရမယ်လို့ ပြောပါတယ်" ဟု ပြောသည်။

မောင်တောမြို့ ၀ိမလရပ်ကွက် တဘက်ကမ်း ရခိုင် ပြားသားရွာကို မွတ်ဆလင်များ မနေ့ ညဉ့်က ၀င်ရောက်တိုက်ခိုက်ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ကြောင်း လူငယ် တစ်ဦးက ပြောသည်။

" ကျွန်တော်တို့ ကြားတာက ပြားသားရွာကို မွတ်ဆလင်တွေ ဖြိုတယ်ဆိုပြီး ကြား တယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ သတင်းတွေက အမျိုးမျိုး ပြန့်နေပါတယ်" ဟုသူက ဆိုသည်။

ယခုကဲ့သို့ သတင်းများ ထွက်ပေါ်နေသဖြင့် မောင်တောတွင် ဆိုင်ခန်း တစ်ချို့လည်း ပိတ်ထားကြောင်း၊ သို့သော်လည်း အထက်တန်းကျောင်းမှာ ဖွင့်ထားကြောင်း မြို့ခံ မျက်မြင်များက ပြောသည်။

ထိုကဲ့သို့ သတင်းများ ထွက်ပေါ်နေသဖြင့် မောင်တောမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကို မေးမြန်းရာ ဘာမှ မဟုတ်ကြောင်း၊ မောင်တောမှာ အေးအေးဆေးဆေး ရှိကြောင်း၊ ကာဗျူး ထုတ်ထား သည်မှာလည်း မဟုတ်မှန်ကြောင်း ပြောဆိုသည်။

သို့သော်လည်း မောင်တောမြို့ခံများမှာ ကောလဟလ သတင်းများ ပျံ့နှံ့နေသဖြင့် စိုးရိမ်ပူပန်မူများ တိုးပွားနေကြောင်း သိရသည်။


----------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

Friday 18 November 2011

မြောက်ဦးကို မီးလောင်ပြန်ပြီ


Font size: Decrease font Enlarge font
ရခိုင်ပြည်နယ် အတွင်း မီးလောင်မူများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေရာ ယနေ့ ညနေပိုင်းက မြောက်ဦးမြို့တွင် မီးလောင်မူ ဖြစ်ပွားခဲ့သည်။ မီးမှာ ယနေ့ ညနေ ၆ နာရီက စတင် လောင်ကျွမ်းခဲ့ပြီး အိမ်ကြီး (၃) အိမ်နှင့် ဗွီဒီယိုရုံ (၄) ရုံမီးထဲ ပါသွားကြောင်း သတင်း ရရှိသည်။

" မီးက ညနေ ၆ နာရီကျော်မှာ စလောင်တာ ဖြစ်ပါတယ်။ လောင်တာက လက်ကောက်ဈေးရပ်ကွက် ကံလှရပ် တံတားဦး အနီးက အိမ်တွေကို လောင်သွားတာ ဖြစ်ပါတယ်။ စုစုပေါင်း ခန့်မှန်းခြေ သိန်းထောင်ချီပြီး ဆုံးရှုံးသွားပါတယ်" ဟု မြို့ခံ တစ်ဦးက ပြောသည်။

မီးမှာ ညနေ ၆ နာရီခွဲခန့်တွင် ဗွီဒီယို ပြစက်ရုံ တစ်ခုမှ စတင် လောင်ကျွန်းခြင်း ဖြစ်ပြီး ညနေ ၇ နာရီခွဲမှ မီးညွန့်ကျိုးသွားခဲ့သည်။ မီးလောင်ရာတွင် ကံလှရပ်မှ ဆရာ ဦးကျောက်ခဲ အိမ်၊ ဦးစိန်ဖြူအောင်အိမ်၊ ဒေါ်မစောယဉ် အိမ် အပါအ၀င် ဗွီဒီယို ပြစက်ရုံ (၄) ရုံ မီးထဲ ပါသွားခဲ့သည်။

" မီးသတ် ကား တစ်စီးဘဲ ရောက်ပါတယ်။ ၁၅ မိနစ်ဘဲ သတ်နိုင်ပါတယ်။ ဒေသခံ ပြည်သူတွေက ကိုယ့်အား ကိုယ်ကိုးပြီး မီးကို ငြိမ်းသတ်ခဲ့ရပါတယ်။ နောက်ထပ် မီးသတ်ကား နှစ်စီးက မင်းပြားကို ရောက်နေတဲ့ အတွက် တစ်စီးဘဲ မီးလာသတ် ဖြစ်ပါတယ်"ဟု သူက ဆက်ပြောသည်။

မီး ဈေးကြီးသို့ မကူးရန် အတွက် အနီးအနားမှ အိမ်အများအပြားကိုလည်း ဖျက်ဆီး ပစ်ခဲ့ရပြီး ဈေးကြီးသို့ မီးကူးမည်ကို မြို့သူ မြို့သားများ အထူး စိုးရိမ်ခဲ့ကြရကြောင်း သိရသည်။

ယခု မြောက်ဦး မီးလောင်မူမှာ ရခိုင်ပြည်နယ် အတွင်း ယခုလ အတွင်း တတိယ အကြိမ်မြောက် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။ ပထမ အကြိမ် နိုဝင်္ဘာလ ၁ ရက်နေ့က ရမ်းဗြဲ ကျောက်နီမော် ရွာကြီးအား မီးလောင်ခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော် မီးထဲ ပါသွားခဲ့သည်။ မင်းပြားဈေးကြီးအား နိုဝင်္ဘာလ ၁၂ ရက်နေ့က ဒုတိယ အကြိမ် မီးလောင် ရာတွင် ဆိုင်ခန်းပေါင်း (၆၀၀) နီးပါး မီးထဲ ပါသွားခဲ့သည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။ သို့သော်လည်း သတင်း ရင်းမြစ်နေရာတွင် နိရဉ္စရာ၏ အမည်ကို ရေးသား ဖေါ်ပြပေးစေလိုပါသည်။
-------------------------------------------------------------------------------------------------------------------------------
အချစ်အတွက် ဖိလစ်ပိုင်သမ္မတ ရာထူးကို စွန့်လွှတ်မည် မဟုတ်ကြောင်း နွိုင်နွိုင်းအကွီနို ပြောကြား PDF Print
Thursday, 30 December 2010 12:17
AddThis Social Bookmark Button
ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဖြစ်ပြီး နိုင်ငံ၏ အထင်ရှားဆုံး လူပျိုကြီး ဖြစ်သည့် နွိုင်နွိုင်းအကွီနိုက အချစ်အတွက် သမ္မတရာထူးကို စွန့်လွှတ်မည် မဟုတ်ကြောင်း နိုင်ငံအတွင်းရှိ အိမ်ထောင် မရှိသေးသည့် အမျိုးသမီးများအားလုံးသို့ သတင်းပေးပို့ခဲ့သည်။
အသက် ၅၀ အရွယ်ရှိ သမ္မတ အကွီနိုသည် မေလ ရွေးကောက်ပွဲတွင် ရွေးချယ်ခံပြီးနောက် ငယ်ရွယ်သည့် အမျိုးသမီး သုံးဦးနှင့် ချိန်းဆိုခဲ့ကြောင်း အကွီနို၏ မွေးချင်းများက ပြောကြားခဲ့သည်။ သမ္မတ အကွီနို သည် ၎င်း၏သမ္မတသက်တမ်း ကုန် ဆုံးမည့် ၂၀၁၆ ခုနှစ်အထိ တစ်ကိုယ်တည်းဘ၀အဖြစ် နေထိုင်ဖွယ်ရှိကြောင်း ၎င်း၏မွေးချင်းများက ပြောကြားခဲ့သည်။
ပြည်သူ့ဖိုရမ်တစ်ခုတွင် သမ္မတ အကွီနိုကို သမ္မတရာထူးမှ စွန့်ခွာအောင် မည်ကဲ့သို့သော အမျိုးသမီးမျိုးက လုပ်ဆောင်နိုင်စွမ်းရှိလဲဟု မေးမြန်ရာတွင် ''ကျွန်တော့်ကို ထောက်ပံ့ပေးဖို့ ကိုယ်ကျိုးစွန့်တဲ့ သူမျိုးကို မတွေ့ဖူးပါဘူး။ သူတို့လက်ထဲမှာ ကျွန်တော်ကျဆုံးသွားမှာ မဟုတ်ပါဘူး''ဟု အကွီနိုက ပြန်လည် ဖြေကြားခဲ့သည်။
ကလေးသုံးယောက် မွေးခဲ့သော ကမ္ဘာ့ပထမဆုံး အမျိုးသား ကိုယ်ဝန်ဆောင်၏ နောက်ဆုံး ဓာတ်ပုံထုတ်ပြန် PDF Print
Sunday, 31 July 2011 11:38
AddThis Social Bookmark Button
w64402sကလေးသုံးယောက်အထိ မွေးခဲ့သော ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင် အမျိုးသား၏ နောက်ဆုံး ကလေးမွေးဖွား အပြီး တစ်နှစ်အကြာ ဓာတ်ပုံ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
အရီဇိုးနား ပြည်နယ်တွင် ဇနီးဖြစ်သူ နန်စီနှင့်အတူ နေထိုင်လျက် ရှိသော သောမတ်စ်ဘီတီ၏ ရင်သွေးယူသည့် သတင်းသည် ကမ္ဘာတစ်ဝန်း အထူး ထင်ရှားခဲ့သည်။
အသက် ၃၇ နှစ် ရှိပြီဖြစ်သော ဘီတီသည် ကလေးမွေးပြီးနောက် တက်စ်တိုရုန်းဆေးများ ပြန်လည် သုံးစွဲခြင်းဖြင့် ယောက်ျားဆန်သော အသွင်အပြင် အပြည့် ပြန်ဖြစ်လာသည်ကို ပုံတွင်တွေ့ရသည်။
ဘီတီသည် ဟာဝိုင်ယီကျွန်းတွင် မွေးဖွားစဉ်က မိန်းကလေး တစ်ယောက် အနေဖြင့် မွေးလာခဲ့ခြင်း ဖြစ်သော်လည်း ယောက်ျားလေး ဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။ အသက် ၂၀ ၀န်းကျင်မှစပြီး တက်စတိုရုန်းဆေးများ ထိုးခြင်းဖြင့် မျက်နှာတွင် အမွေးအမှင်များ ပေါက်လာခဲ့ကာ အသံ ပြောင်းလာခဲ့ပြီး လိင်အင်္ဂါ ပြောင်းလဲမှုကိုလည်း လုပ်ဆောင်ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် ရင်သား ဖယ်ရှားခဲ့ပြီးနောက် အမျိုးသားတစ်ယောက် အဖြစ် တရားဝင် အသိအမှတ်ပြု ခံခဲ့ရသည်။ သို့ရာတွင် မိန်းမအင်္ဂါ၊ သားအိမ်နှင့် အခြား မျိုးပွားအင်္ဂါများကို ဖယ်ရှားမပစ်ဘဲ ထားရှိခဲ့သည်ဟု ဆိုသည်။ ဇနီးဖြစ်သူ နန်စီမှာ သားအိမ်ထုတ်ထားရသူ ဖြစ်သည်။
ကိုယ်ဝန်ဆောင်ရန် ဆန္ဒရှိလာသော အခါ တက်စတိုရုန်း သုံးစွဲမှုကို ရပ်တန့်ထားခဲ့ရသည်ဟု ဆိုသည်။ အလှူရှင်တစ်ဦးထံမှ သုက်ပိုးကိုယူကာ မျိုးအောင်စေရန် ကြိုးပမ်းခဲ့သော်လည်း သားအိမ်ပြင်ပတွင် သန္ဓေတည်ခဲ့ခြင်းကြောင့် အရေးပေါ် ခွဲစိတ်ကုသခဲ့ရသေးသည်။ ၂၀၀၇ ခုနှစ် နှောင်းပိုင်းတွင်မှ ပထမဆုံး ရင်သွေးကို သန္ဓေ အောင်မြင်စွာ ဆောင်နိုင်ခဲ့သည်။ နောက် ကလေးနှစ်ဦးကိုလည်း ဆက်တိုက်မွေးခဲ့သည်။
w64402
ကမ္ဘာတစ်ဝန်း Facebook သုံးစွဲသူ သန်း ၇၀၀ ပြည့်တော့မည် လာမည့်နှစ်တွင် အများပိုင် ပြုလုပ်ပါက ဒေါ်လာ ၁၀၀ ဘီလျံကျော် တန်ကြေးရှိနိုင် PDF Print E-mail
Wednesday, 15 June 2011 14:26
AddThis Social Bookmark Button

b41101
Facebook အသုံးပြု မိတ်ဆွေဖြစ်မှု၊ ချိတ်ဆက်မှုပြ ကမ္ဘာ့မြေပုံ (ချိတ်ဆက်သုံးစွဲမှုများသည့် နေရာများတွင် ကွန်ရက်မျဉ်းများ ပိုမို ထူထဲသည်)
အမေရိကန်၊ ကနေဒါတွင် ပြီးခဲ့သောလက သုံးစွဲသူ လျော့ကျလာသော်လည်း ကမ္ဘာတစ်ဝန်း Facebook သုံးစွဲသူ အရေအတွက်မှာ ဇွန်လဆန်းပိုင်းတွင် ၆၈၇ သန်း အထိ ရောက်ရှိခဲ့ကြောင်း inside facebook ၀က်ဘ်ဆိုက်တွင် ဇွန်လ ၁၃ ရက်က ဖော်ပြခဲ့သည်။
Facebook ကုမ္ပဏီကိုယ်တိုင် ကမူ ယမန်နှစ်၊ ဇူလိုင်က သုံးစွဲသူ သန်း ၅၀၀ ကျော်သွားသည့် အချိန်တွင် အရေအတွက် ထုတ်ပြန်ခဲ့သည်မှလွဲ၍ ပုံမှန်ထုတ်ပြန်လေ့ မရှိပေ။ နာမည်ကျော် လူမှုကွန်ရက် Facebook ၀က်ဘ်ဆိုက်ကို စတင်သုံးစွဲသူ အရေအတွက်မှာ ယခင်က တစ်လလျှင် ပျမ်းမျသန်း ၂၀ ခန့် ရှိသော်လည်း မေလတွင် ၁၁ ဒသမ ၈ သန်း၊ ဧပြီလတွင် ၁၃ ဒသမ ၉ သန်း အထိ ကျဆင်းခဲ့ကြောင်း Inside Facebook က ထုတ်ပြန်သည်။
Facebook ၀က်ဘ်ဆိုက်ကို လာမည့်နှစ်၊ ပထမသုံးလပတ်တွင် အများပိုင် ပြုလုပ်ဖွယ် ရှိပြီး ဖြစ်မြောက်ပါက တန်ဖိုးမှာ ဒေါ်လာ ဘီလျံ ၁၀၀ ကျော် ရှိလာနိုင်ကြောင်း CNBC စီးပွားရေး သတင်းကွန်ရက်က ဇွန် ၁၃ ရက်တွင်
ထုတ်ပြန်သည်။ Facebook အမှုဆောင်ချုပ် မာ့ခ်ဇူကာဘက်ဂ်က ၀က်ဘ်ဆိုက်ကို အများပိုင်အဖြစ် ပြုလုပ်ရန် အလျင်မလိုကြောင်း ထပ်ခါ တလဲလဲ ပြောကြားနေသော်လည်း Securities and Exchange Commission(SEC) စည်းမျဉ်းများကြောင့် အတင်းအကျပ် ပြုလုပ်ရဖွယ် ရှိသည်ဟု CNBC က ထုတ်ပြန်သည်။
500 rule ဟု ခေါ်သော SEC စည်းမျဉ်းများ အရ အများပိုင် ကုမ္ပဏီများသည် ၎င်းတို့၏ ဘဏ္ဍာရေး အခြေအနေများကို သုံးလတစ်ကြိမ် ထုတ်ပြန်ပေးရမည် ဖြစ်သကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများကလည်း ယင်းကဲ့သို့ ထုတ်ပြန်ပေးရမည် ဖြစ်သည်။ Facebook ကုမ္ပဏီသည် ၎င်းဝန်ထမ်းများ၏ ရှယ်ယာများကို SharesPost ကဲ့သို့သော ပုဂ္ဂလိကပိုင် စတော့အိတ်ချိန်းများတွင် ရောင်းချခြင်း ခွင့်မပြုခဲ့ပေ။ SharesPost တွင် Facebook ကုမ္ပဏီ တန်ဖိုးကို ဒေါ်လာ ၈၅ ဘီလျံ အထိ သတ်မှတ်ထားပြီး လာမည့်နှစ်တွင် စတော့ဈေးကွက်သို့ စတင် မိတ်ဆက်ဖွယ် ရှိနေသည်။

ပီစီကွန်ပျူတာ အလုံးတစ်သန်း၏ စွမ်းဆောင်ရည်နှင့် တူညီသော ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာ ဂျပန် ဖန်တီး PDF Print E-mail
Sunday, 26 June 2011 11:44
AddThis Social Bookmark Button
w63901
တရုတ်နိုင်ငံမှ လက်ရှိ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာထက် သုံးဆ ပိုမြန်သော စူပါ ကွန်ပျူတာကို ဂျပန်ကုမ္ပဏီ ဖူဂျစ်ဆုက ဖန်တီးလိုက်ကြောင်း သိရသည်။
K ဟု အမည်ပေးထားသော ကွန်ပျူတာကို ဖူဂျစ်ဆုလိမိတက်နှင့်  RIKEN ရူပ၊ ဓာတု သုတေသန အင်စတီကျုတို့ ပူးတွဲဖန်တီးခဲ့ခြင်း ဖြစ်ပြီး ပီစီကွန်ပျူတာ အလုံးတစ်သန်း ချိတ်ဆက် သုံးစွဲသည့် စွမ်းဆောင်ရည်နှင့် တူညီသည်ဟု သိရသည်။
တရုတ်နိုင်ငံ၊ တျန်ကျင်းရှိ National Supercomputing Centre မှ Tianhe-1A သည် ပြီးခဲ့သည့် နိုဝင်ဘာလက ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာ ဖြစ်လာခဲ့သည်။ Tianhe-1A သည် ၂ ဒသမ ၆ petaflops မျှ တွက်ချက်နိုင်ပြီး K မှာ ၈ ဒသမ ၁၆၂ petaflops မျှ တွက်ချက်နိုင်သောကြောင့် အမြန်ဆုံး ကွန်ပျူတာ အဖြစ် စံချိန် ပြန်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့တွင် ပြုလုပ်သော 2011 International Supercomputing Conference ၌ တစ်နှစ်နှစ်ကြိမ် ထုတ်ပြန်နေကျ ထိပ်တန်းစူပါကွန်ပျူတာ ၅၀၀ စာရင်းကို ဇွန်လ ၂၀ ရက်နေ့ ထုတ်ပြန်ရာတွင် K ကွန်ပျူတာ၏ စွမ်းဆောင်ရည်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
K ကွန်ပျူတာကို ဂျပန်နိုင်ငံ အနောက်ပိုင်း ကိုဘေးရှိ RIKEN Advanced Institute for Computational Science တွင် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ကတည်းက တပ်ဆင်ခဲ့ခြင်း ဖြစ်ပြီး စတင် လည်ပတ်နိုင်ရန်
ဆောင်ရွက်မှုများမှာမူ ၂၀၁၂ ခုနှစ်မှ ပြီးစီးမည် ဖြစ်သည်။
K ကွန်ပျူတာကို ကမ္ဘာ့ရာသီ ဥတုသုတေသန၊ မိုးလေ၀သ၊ ဘေးအန္တရာယ် ကာကွယ်ရေး၊ ဆေးပညာ အပါအ၀င် လူ့အဖွဲ့အစည်းအတွက် အကျိုးရှိရန် သုံးစွဲသွားမည် ဖြစ်သည်။ ယခု ကွန်ပျူတာကို တည်ဆောက်ရန်
အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံမျှ သုံးစွဲခဲ့ရပြီး လည်ပတ်ရန် အတွက် တစ်နှစ် ကုန်ကျစရိတ်သည်ပင် ဒေါ်လာ ၁၀ သန်း ၀န်းကျင် ရှိသည်ဟု သိရသည်။
အမေရိကန် ဘတ်စကက်ဘောသမားဂျွန်ဆင် အိတ်ခ်ျအိုင်ဗွီပိုးရှိသည်မှာ နှစ် ၂၀ ပြည့်ပြီဖြစ်သော်လည်း ကျန်းမာစွာ ဆက်လက်ရှင်သန်နိုင်ခြင်းကြောင့် အိတ်ခ်ျအိုင်ဗွီ/အေ့ဒ်စ် ဝေဒနာရှင်များအတွက် အားတက်ဖွယ်ဖြစ်လာ PDF Print E-mail
Wednesday, 09 November 2011 16:48
AddThis Social Bookmark Button
b32_08 အမေရိကန်နာမည်ကျော် ဘတ်စကက်ဘောသမား မက်ဂျစ်ဂျွန်ဆင်သည် အိတ်ခ်ျအိုင်ဗွီပိုးရှိသည်မှာ နှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်သော်လည်း ကျန်းမာစွာ ဆက်လက်ရှင်သန်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လော့စ်အင်ဂျလိစ်ရှိ စတေပယ်လ်စင်တာခန်းမဆောင်တွင် အခမ်းအနား ကျင်းပခဲ့သည်။
အမေရိကန် အင်န်ဘီအေ ဘတ်စကတ်ဘောသမိုင်းတွင် သုံးကြိမ်တိတိ တန်ဖိုးအရှိဆုံး ကစားသမားဆု ရရှိခဲ့ဖူးသူ ဂျွန်ဆင်၏ ပိုးရှိလျက် ဆက်လက်ရှင်သန်နိုင်မှုမှာ အိတ်ခ်ျ အိုင်ဗွီ/အေ့ဒ်စ် ဝေဒနာရှင်များအတွက် အားတက်ဖွယ်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက ချီးကျူးဖော်ပြခဲ့ကြသည်။ အိတ်ခ်ျအိုင်ဗွီ/ အေ့ဒ်စ်တိုက်ဖျက်ရေးနှင့် ကူးစက်မခံရရေးအတွက် သတိပြုရန်ဦးဆောင် လှုံ့ဆော်သူတစ်ဦးဖြစ်ခဲ့ပြီး မက်ဂျစ်ဂျွန်ဆင် ဖောင်ဒေးရှင်းကို ထူထောင်ခဲ့သည်။ ယခုအသက် ၅၂ နှစ်ရှိပြီဖြစ်သော ဂျွန်ဆင်၏ အထိမ်းအမှတ်အခမ်းအနားတွင် သူ့မိတ်ဆွေများက ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ ဒေါ်လာတစ်သန်းထပ်မံထည့်ဝင် ပေးခဲ့သည်။
လော့စ်အင်ဂျလိစ်လိတ်ကာစ် အသင်းသားဟောင်း ဂျွန်ဆင်က ''ဒီနေ့ သိထားသလိုသာ အဲဒီတုန်းကသိခဲ့မယ်ဆိုရင် ကျွန်တော်ဘတ်စကက် ဘောဆက်ကစားဖြစ်ဦးမှာပါ။ အနားယူဖြစ်မယ်တောင် မထင်ပါဘူး''ဟု ကစားသမားဘ၀ စွန့်လွှတ်ခဲ့မှုနှင့် ပတ်သက်ပြီး ပြန်ပြောင်းပြောသွားခဲ့သည်။ ယင်းဆုံးဖြတ်ချက်အတွက် နောင်တမရကြောင်း၊ ယခုအချိန်တွင် ပျော်ရွှင်နေသလို လုပ်သင့်သည်တို့ကို လုပ်ခွင့်ရခြင်းအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
ဂျွန်ဆင်၏ဆရာဝန်များ အဆိုအရ သူသည် နေ့စဉ်လေ့ကျင့်ခန်းလုပ်မှု၊စနစ်တကျ စားသုံးမှု၊ဆေးဝါး ကုထုံးများဖြင့် ကျန်းမာစွာ ဆက်လက်ရှင်သန်နိုင်ခဲ့သည်ဟု ဆိုသည်။
'' ကျွန်တော် မကြာခဏ ပြောလေ့ရှိပါတယ်။ ကျွန်တော့်အဖြစ်က ကောင်းလည်း ကောင်း၊ ဆိုးလည်း ဆိုးပါ။ ကောင်းတာက ကျွန်တော်ကျန်းမာတယ်၊ သွားနိုင်လာနိုင်တယ်၊ ဒါနဲ့ပတ်သက်ပြီး လူတွေသတိပြုမိအောင် လှုံ့ဆော်နိုင်တယ်။ဆိုးတာက လူတွေက ကျွန်တော်ကောင်းနေတာကြည့်ပြီး အိတ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ကို အထင်သေးမှာကိုပဲ။ လူတွေက အခုဆိုရင် သူတို့ ဒီဗိုင်းရပ်စ် ရှိလည်း အေးဆေးပဲလို့ ထင်ကြမယ်။ ဒါပေမဲ့ နှစ်စဉ်သန်းနဲ့ချီပြီး သေနေတာကိုတော့ သတိပြုရမယ်'' ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။
Ref: AFP,Los Angeles Times

မင်းပြားဈီး မီးလောင်

ရခိုင်ပြည်နယ် မင်းပြားမြို့က မြို့မဈေးကြီးမှာ နိုဝင်ဘာလ ၁၂ ရက်နိ့က လောင်လားခရေမီးကြောင်း ဈီးထဲကဆိုင်ခန်း အားလုံးနီးပါး မီးထဲပါလားရေလို့ သိရပါရေ။ ဒေဂုပိုင် ဆုံးရှုံးမှုတွေများရစွာယေ မင်းပြားမြို့ထဲမှာ မီးသတ်ကားမရှိလို့  မီးလောင်လောင်ချင်း နိုင်အောင်မငြိမ်းနိုင်ခစွာကြောင့်လို့ မြို့ခံတိက ပြောကြဂါတ်ပါရေ။ အကြောင်းစုံကို မသင်းသီရိက တင်ပြထားပါရေ။
နိုဝင်ဘာလ ၁၂ ရက်၊ စနီနိ့ ဈီးပိတ်အပြီး ည ၇ နာရီဝန်းကျင်လောက်က စလောင်ကျွမ်းခရေမီးစွာ နောက်တနိန့် တနင်္ဂနွေနိန့် ၁၃ ရက်ကိုအကူးခင် မနက် ၁ နာရီခွဲလောက်မှ မီးညွှန့်စကျိုးရေလို့ မင်းပြားမြို့ခံတိက ပြောပါရေ။