“ဤဘလော့သည် ဆရာတော်၏ သာသနာတော်အတွက်လုပ်ဆောင်ချက်များ၊နှင့်ဆောင်ပါး.ဝတ္ထု.ဒဿန.ကဗျာများ အတွက် သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်”

Friday, 18 November 2011

ကမ္ဘာတစ်ဝန်း Facebook သုံးစွဲသူ သန်း ၇၀၀ ပြည့်တော့မည် လာမည့်နှစ်တွင် အများပိုင် ပြုလုပ်ပါက ဒေါ်လာ ၁၀၀ ဘီလျံကျော် တန်ကြေးရှိနိုင် PDF Print E-mail
Wednesday, 15 June 2011 14:26
AddThis Social Bookmark Button

b41101
Facebook အသုံးပြု မိတ်ဆွေဖြစ်မှု၊ ချိတ်ဆက်မှုပြ ကမ္ဘာ့မြေပုံ (ချိတ်ဆက်သုံးစွဲမှုများသည့် နေရာများတွင် ကွန်ရက်မျဉ်းများ ပိုမို ထူထဲသည်)
အမေရိကန်၊ ကနေဒါတွင် ပြီးခဲ့သောလက သုံးစွဲသူ လျော့ကျလာသော်လည်း ကမ္ဘာတစ်ဝန်း Facebook သုံးစွဲသူ အရေအတွက်မှာ ဇွန်လဆန်းပိုင်းတွင် ၆၈၇ သန်း အထိ ရောက်ရှိခဲ့ကြောင်း inside facebook ၀က်ဘ်ဆိုက်တွင် ဇွန်လ ၁၃ ရက်က ဖော်ပြခဲ့သည်။
Facebook ကုမ္ပဏီကိုယ်တိုင် ကမူ ယမန်နှစ်၊ ဇူလိုင်က သုံးစွဲသူ သန်း ၅၀၀ ကျော်သွားသည့် အချိန်တွင် အရေအတွက် ထုတ်ပြန်ခဲ့သည်မှလွဲ၍ ပုံမှန်ထုတ်ပြန်လေ့ မရှိပေ။ နာမည်ကျော် လူမှုကွန်ရက် Facebook ၀က်ဘ်ဆိုက်ကို စတင်သုံးစွဲသူ အရေအတွက်မှာ ယခင်က တစ်လလျှင် ပျမ်းမျသန်း ၂၀ ခန့် ရှိသော်လည်း မေလတွင် ၁၁ ဒသမ ၈ သန်း၊ ဧပြီလတွင် ၁၃ ဒသမ ၉ သန်း အထိ ကျဆင်းခဲ့ကြောင်း Inside Facebook က ထုတ်ပြန်သည်။
Facebook ၀က်ဘ်ဆိုက်ကို လာမည့်နှစ်၊ ပထမသုံးလပတ်တွင် အများပိုင် ပြုလုပ်ဖွယ် ရှိပြီး ဖြစ်မြောက်ပါက တန်ဖိုးမှာ ဒေါ်လာ ဘီလျံ ၁၀၀ ကျော် ရှိလာနိုင်ကြောင်း CNBC စီးပွားရေး သတင်းကွန်ရက်က ဇွန် ၁၃ ရက်တွင်
ထုတ်ပြန်သည်။ Facebook အမှုဆောင်ချုပ် မာ့ခ်ဇူကာဘက်ဂ်က ၀က်ဘ်ဆိုက်ကို အများပိုင်အဖြစ် ပြုလုပ်ရန် အလျင်မလိုကြောင်း ထပ်ခါ တလဲလဲ ပြောကြားနေသော်လည်း Securities and Exchange Commission(SEC) စည်းမျဉ်းများကြောင့် အတင်းအကျပ် ပြုလုပ်ရဖွယ် ရှိသည်ဟု CNBC က ထုတ်ပြန်သည်။
500 rule ဟု ခေါ်သော SEC စည်းမျဉ်းများ အရ အများပိုင် ကုမ္ပဏီများသည် ၎င်းတို့၏ ဘဏ္ဍာရေး အခြေအနေများကို သုံးလတစ်ကြိမ် ထုတ်ပြန်ပေးရမည် ဖြစ်သကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများကလည်း ယင်းကဲ့သို့ ထုတ်ပြန်ပေးရမည် ဖြစ်သည်။ Facebook ကုမ္ပဏီသည် ၎င်းဝန်ထမ်းများ၏ ရှယ်ယာများကို SharesPost ကဲ့သို့သော ပုဂ္ဂလိကပိုင် စတော့အိတ်ချိန်းများတွင် ရောင်းချခြင်း ခွင့်မပြုခဲ့ပေ။ SharesPost တွင် Facebook ကုမ္ပဏီ တန်ဖိုးကို ဒေါ်လာ ၈၅ ဘီလျံ အထိ သတ်မှတ်ထားပြီး လာမည့်နှစ်တွင် စတော့ဈေးကွက်သို့ စတင် မိတ်ဆက်ဖွယ် ရှိနေသည်။

0 comments:

Post a Comment