“ဤဘလော့သည် ဆရာတော်၏ သာသနာတော်အတွက်လုပ်ဆောင်ချက်များ၊နှင့်ဆောင်ပါး.ဝတ္ထု.ဒဿန.ကဗျာများ အတွက် သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်”

Friday 18 November 2011

အချစ်အတွက် ဖိလစ်ပိုင်သမ္မတ ရာထူးကို စွန့်လွှတ်မည် မဟုတ်ကြောင်း နွိုင်နွိုင်းအကွီနို ပြောကြား PDF Print
Thursday, 30 December 2010 12:17
AddThis Social Bookmark Button
ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဖြစ်ပြီး နိုင်ငံ၏ အထင်ရှားဆုံး လူပျိုကြီး ဖြစ်သည့် နွိုင်နွိုင်းအကွီနိုက အချစ်အတွက် သမ္မတရာထူးကို စွန့်လွှတ်မည် မဟုတ်ကြောင်း နိုင်ငံအတွင်းရှိ အိမ်ထောင် မရှိသေးသည့် အမျိုးသမီးများအားလုံးသို့ သတင်းပေးပို့ခဲ့သည်။
အသက် ၅၀ အရွယ်ရှိ သမ္မတ အကွီနိုသည် မေလ ရွေးကောက်ပွဲတွင် ရွေးချယ်ခံပြီးနောက် ငယ်ရွယ်သည့် အမျိုးသမီး သုံးဦးနှင့် ချိန်းဆိုခဲ့ကြောင်း အကွီနို၏ မွေးချင်းများက ပြောကြားခဲ့သည်။ သမ္မတ အကွီနို သည် ၎င်း၏သမ္မတသက်တမ်း ကုန် ဆုံးမည့် ၂၀၁၆ ခုနှစ်အထိ တစ်ကိုယ်တည်းဘ၀အဖြစ် နေထိုင်ဖွယ်ရှိကြောင်း ၎င်း၏မွေးချင်းများက ပြောကြားခဲ့သည်။
ပြည်သူ့ဖိုရမ်တစ်ခုတွင် သမ္မတ အကွီနိုကို သမ္မတရာထူးမှ စွန့်ခွာအောင် မည်ကဲ့သို့သော အမျိုးသမီးမျိုးက လုပ်ဆောင်နိုင်စွမ်းရှိလဲဟု မေးမြန်ရာတွင် ''ကျွန်တော့်ကို ထောက်ပံ့ပေးဖို့ ကိုယ်ကျိုးစွန့်တဲ့ သူမျိုးကို မတွေ့ဖူးပါဘူး။ သူတို့လက်ထဲမှာ ကျွန်တော်ကျဆုံးသွားမှာ မဟုတ်ပါဘူး''ဟု အကွီနိုက ပြန်လည် ဖြေကြားခဲ့သည်။

0 comments:

Post a Comment