“ဤဘလော့သည် ဆရာတော်၏ သာသနာတော်အတွက်လုပ်ဆောင်ချက်များ၊နှင့်ဆောင်ပါး.ဝတ္ထု.ဒဿန.ကဗျာများ အတွက် သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်”

Friday 18 November 2011


ပီစီကွန်ပျူတာ အလုံးတစ်သန်း၏ စွမ်းဆောင်ရည်နှင့် တူညီသော ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာ ဂျပန် ဖန်တီး PDF Print E-mail
Sunday, 26 June 2011 11:44
AddThis Social Bookmark Button
w63901
တရုတ်နိုင်ငံမှ လက်ရှိ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာထက် သုံးဆ ပိုမြန်သော စူပါ ကွန်ပျူတာကို ဂျပန်ကုမ္ပဏီ ဖူဂျစ်ဆုက ဖန်တီးလိုက်ကြောင်း သိရသည်။
K ဟု အမည်ပေးထားသော ကွန်ပျူတာကို ဖူဂျစ်ဆုလိမိတက်နှင့်  RIKEN ရူပ၊ ဓာတု သုတေသန အင်စတီကျုတို့ ပူးတွဲဖန်တီးခဲ့ခြင်း ဖြစ်ပြီး ပီစီကွန်ပျူတာ အလုံးတစ်သန်း ချိတ်ဆက် သုံးစွဲသည့် စွမ်းဆောင်ရည်နှင့် တူညီသည်ဟု သိရသည်။
တရုတ်နိုင်ငံ၊ တျန်ကျင်းရှိ National Supercomputing Centre မှ Tianhe-1A သည် ပြီးခဲ့သည့် နိုဝင်ဘာလက ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာ ဖြစ်လာခဲ့သည်။ Tianhe-1A သည် ၂ ဒသမ ၆ petaflops မျှ တွက်ချက်နိုင်ပြီး K မှာ ၈ ဒသမ ၁၆၂ petaflops မျှ တွက်ချက်နိုင်သောကြောင့် အမြန်ဆုံး ကွန်ပျူတာ အဖြစ် စံချိန် ပြန်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့တွင် ပြုလုပ်သော 2011 International Supercomputing Conference ၌ တစ်နှစ်နှစ်ကြိမ် ထုတ်ပြန်နေကျ ထိပ်တန်းစူပါကွန်ပျူတာ ၅၀၀ စာရင်းကို ဇွန်လ ၂၀ ရက်နေ့ ထုတ်ပြန်ရာတွင် K ကွန်ပျူတာ၏ စွမ်းဆောင်ရည်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
K ကွန်ပျူတာကို ဂျပန်နိုင်ငံ အနောက်ပိုင်း ကိုဘေးရှိ RIKEN Advanced Institute for Computational Science တွင် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ကတည်းက တပ်ဆင်ခဲ့ခြင်း ဖြစ်ပြီး စတင် လည်ပတ်နိုင်ရန်
ဆောင်ရွက်မှုများမှာမူ ၂၀၁၂ ခုနှစ်မှ ပြီးစီးမည် ဖြစ်သည်။
K ကွန်ပျူတာကို ကမ္ဘာ့ရာသီ ဥတုသုတေသန၊ မိုးလေ၀သ၊ ဘေးအန္တရာယ် ကာကွယ်ရေး၊ ဆေးပညာ အပါအ၀င် လူ့အဖွဲ့အစည်းအတွက် အကျိုးရှိရန် သုံးစွဲသွားမည် ဖြစ်သည်။ ယခု ကွန်ပျူတာကို တည်ဆောက်ရန်
အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံမျှ သုံးစွဲခဲ့ရပြီး လည်ပတ်ရန် အတွက် တစ်နှစ် ကုန်ကျစရိတ်သည်ပင် ဒေါ်လာ ၁၀ သန်း ၀န်းကျင် ရှိသည်ဟု သိရသည်။

0 comments:

Post a Comment