“ဤဘလော့သည် ဆရာတော်၏ သာသနာတော်အတွက်လုပ်ဆောင်ချက်များ၊နှင့်ဆောင်ပါး.ဝတ္ထု.ဒဿန.ကဗျာများ အတွက် သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်”

Friday 18 November 2011

မင်းပြားဈီး မီးလောင်

ရခိုင်ပြည်နယ် မင်းပြားမြို့က မြို့မဈေးကြီးမှာ နိုဝင်ဘာလ ၁၂ ရက်နိ့က လောင်လားခရေမီးကြောင်း ဈီးထဲကဆိုင်ခန်း အားလုံးနီးပါး မီးထဲပါလားရေလို့ သိရပါရေ။ ဒေဂုပိုင် ဆုံးရှုံးမှုတွေများရစွာယေ မင်းပြားမြို့ထဲမှာ မီးသတ်ကားမရှိလို့  မီးလောင်လောင်ချင်း နိုင်အောင်မငြိမ်းနိုင်ခစွာကြောင့်လို့ မြို့ခံတိက ပြောကြဂါတ်ပါရေ။ အကြောင်းစုံကို မသင်းသီရိက တင်ပြထားပါရေ။
နိုဝင်ဘာလ ၁၂ ရက်၊ စနီနိ့ ဈီးပိတ်အပြီး ည ၇ နာရီဝန်းကျင်လောက်က စလောင်ကျွမ်းခရေမီးစွာ နောက်တနိန့် တနင်္ဂနွေနိန့် ၁၃ ရက်ကိုအကူးခင် မနက် ၁ နာရီခွဲလောက်မှ မီးညွှန့်စကျိုးရေလို့ မင်းပြားမြို့ခံတိက ပြောပါရေ။


ပေါ့စမီးလို့ ယူဆရရေ မီးကနိန် တဖြည်းဖြည်း များလာခပြီးကေ ၆ နာရီကျော်ကြာ လောင်ကျွမ်းခရေမီးကြောင့် ဆိုင်ခန်းပေါင်း ၆၀၀ ကျော်ရှိရေ ဈေးကြီးအတွင်းမှာ ဆိုင်ခန်း ၅၀၀ ထက်မနည်း မီးထဲပါလားရေလို့ မင်းပြားမြို့ခံတစ်ဦးဖြစ်ရေဒေါက်တာ တင်မြင့်ဦးက ပြောပြလားခပါရေ။
“မီးအညွှန့်သေသွားတာကတော့ ည ၁ နာရီခွဲလောက်မှပဲ သေပါတယ်။ ဆိုင်ခန်းပေါင်း ၆၀၀ ကျော်မှာ ၅၀၀ လောက်ပါသွားတယ်လို့ ပြောပါတယ်။ ဈေးပိတ်အပြီး စားအုန်းဆီတွေကို မီးနွေးတဲ့ကိစ္စကနေပြီးတော့ ပေါ့စမီးပေါ့နော်။ အဲဒီကိစ္စကနေစပြီးတော့ လောင်တာလို့ကြားပါတယ်။ လောင်စာဆီကလည်း တချို့က ဈေးထဲမှာ ထားကြတယ်လေ။ အဲဒီကတဆင့် လောင်တာဆိုတော့ တော်တော် ငြိမ်းသက်ရခက်ပါတယ်။ ဆိုင်ရှင်တွေကတော့ ဘယ်တတ်နိုင်တော့မလဲ။ ဒီအတိုင်း လက်ပိုက်ကြည့်နေရတယ်။ ဘာမှဆွဲထုတ်လို့မှ မရတော့တာလေ။”
အဓိက ကတော့ မင်းပြားမှာရှိရေ မီးသတ်ကားစွာ မီးလောင်ချိန်မှာ နိုးမရဘဲ ဖြစ်နိန်ခလို့ စည်ပင်က ရေဖျန်းနိန်ရေကားတိနန့်  ငြိမ်းခရရေပိုင် အနားက မြောက်ဦးမြို့ကနီလာရေ မီးသတ်ကားတိကိုစောင့်ပြီး မီးသတ်ခရရေလို့ ပြောပါရေ။
“မြို့မှာ မီးသတ်ကားကလည်း အဆင်သင့် မရှိပါ။ မြောက်ဦးကနိန်ပြီးကေ မီးသတ်ကား လာရဖို့အချိန်က ၇ နာရီစတာတောင် ၉ နာရီလောက်မှ ရောက်လာပါရေ။ အဲဒီမီးသတ်ကားကို အားကိုးပြီး မီးသတ်ဖို့က တပျင်းခက်ပါရေ။ ယင်းတွက်ကြောင်းလည်း တဈေးလုံး ပါသွားတာ။ ကိုယ့်မှာ မီးသတ်ကားမရှိတဲ့ ပြဿနာ၊ အဲဒါ အဓိက ပြဿနာပဲ။”ဒေဂု မင်းပြားဈေးကြီးစွာ အနီးအနားက ရွာတိနန့်  မြို့နယ်တိကပါ အားထားရရေ ဈေးကြီးဖြစ်ရေပိုင် အရောင်းအ၀ယ်ကောင်းရေ ဈီးလည်း ဖြစ်ရေလို့လည်း မြို့ခံတိကလည်း ပြောပါရေ။ ဒေဂုခါက ဈီးပိတ်ချိန် ညပိုင်းအတွင်းမှာ မီးလောင်ခစွာဖြစ်လို့ ဆိုင်ရှင်တိကလည်း  ပစ္စည်းတိကို ရွှေ့ပြောင်းသယ်ယူခွင့် မရလိုက်ဂါတ်တေပိုင် မီးကြောင့် ဆုံးရှုံးမှု ပမာဏကလည်း တပျင်းများရေလို့ သိရပါရေ။
“ဒေပိုင် မင်းပြားမြို့ကို မှီခိုနီစွာ မြို့နယ်တစ်ခုတည်းမဟုတ်။ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ် စရေ ယင်းမြို့နယ်တိက နီးစပ်ရာရွာတိက မင်းပြားက ကုန်လမ်းရေလမ်းအလည်ကျရေ နီရာဖြစ်နီလို့ မင်းပြားမြို့ကို လာပြီးကေ ဈီးဝေစွာ ဖြစ်ပါရေ။ ဒေမြို့က ရောင်းဝယ်ဖောင်ကားမှု စီးပွားရေး လမ်းဖြောင့်ပါရေ။ ယင်းပိုင် ရောင်းဝယ်ဖောင်ကားမှု အရမ်းကောင်းနီရာတစ်ခုပါ။ အပြီးကေ ယင်းဆိုင်ခန်းတိ ပြန်ပြီးကေ သူရို့လည်ပတ်ဖို့ဆိုစွာ မလွယ်နိုင်ရေ ကိစ္စဖြစ်ပါရေ။ ကျနော်ရို့အိမ် ခေါင်းရင်းက အန်တီကြီးဆိုကေ သူ တသက်လုံးလုပ်လာတဲ့ ပစ္စည်းတိက သိန်း နှစ်ထောင်ဖိုးလောက်ရှိပါရေ။ အထည်ဆိုင်က ပစ္စည်းတိကို အိမ်ထဲမှာ တစ်ခုလည်း မထားပဲ ဈီးထဲမှာရာ ထားပါရေ။ ဆိုင်ခန်း သုံးခန်းတွဲ။ ဒေဂုက သူ့ဘဝမှာ စုဆောင်းလာရေ ပစ္စည်းတိ ဆုံးလားခပါဗျာလ်။ နောက်လူတိမှာလည်း  ယင်းပိုင် ဆုံးရူံးလားရေ ပစ္စည်းတိ အများကြီးပါ။ သုံးပုံတစ်ပုံတောင် ပြန်ပြီး ရင်းနှီးနိုင်ဖို့လို့ ထမင်ပါဗျာလ်။ ကျနော့်ရို့မှာကေ  တစ်ခုလေ့ မဆုံးရူံးစွာတောင် အလိုလို စိတ်ထိခိုက်ပါရေ။ ဘ၀မှာ ဒေဂုဖြစ်တေ အဖြစ်မျိုးပိုင် တခါလေ့ မမြင်ဘူးပါ”
ဒေချင့်ကတောရေ မင်းပြားမြို့ခံ ဒေါက်တာ တင်မြင့်ဦး ပြောလားခစွာဖြစ်ပါရေ။ မင်းပြားမှာ နိုဝင်ဘာလ ၁၂ ဒေနိန့် မိုးလင်း နိုဝင်ဘာလ ၁၃ ရက်နိ့ကတော သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးက မီးလောင်ခရေဈီးကို လာကြည့်ခကေလေ့ အခုချိန်ထိတော ဆုံးရှုံးမှုစာရင်းကို တရားဝင်ထုတ်ပြန်စွာမျိုး မရှိသိလို့ သိရပါရေ။


မှတ်ချက်///
VOA မှ မြန်မာသတင်းကို ရခိုင်ပိုင် ပြန်ဆိုးထားသည်

0 comments:

Post a Comment